Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 185 — Surah Al-Baqarah 2:185

(ဆွီယာမ်ဥပုသ်ဆောက်တည်ရန် ပြဋ္ဌာန်းသည့်) လမြတ်ရမဒွါန်တွင် (လူ့ဘဝ သက်တမ်းတစ်လျှောက် ကြုံသမျှ အကြောင်းအရာများအနက်မှ) အမှားအမှန်ကို ခွဲခြားသိစေသည့် ”စံ” တစ်ခုနှင့်လမ်းညွှန်ရရှိစေမည့် ကျမ်းတော်မြတ်ကုရ်အာန်အား လမ်းညွှန်တော်အဖြစ် မြင်သာထင်ရှားသော (သက်သေလက္ခဏာတော်များနှင့်) ရှင်းလင်းချက်များ ပါဝင်စေလျှက် လူသားတို့အတွက် ထုတ်ပြန်ချမှတ်ပေးအပ်ခဲ့သော လမြတ်ဖြစ်သည့်အတွက် သင်တို့အနက်မှ မည်သူမဆို ထိုလမြတ်နှင့်ကြုံကြိုက်ပါလျှင် (ထိုသူသည် ယင်းလ၌) ဆွီယာမ် (ဥပုသ်သီလ) ဆောက်တည်သင့်၏။ မည်သူမဆို (ကျန်းမာရေးချို့တဲ့၍ ဥပုသ် မဆောက်တည်နိုင်သည့် အခြေအနေရောက်နေသော) ရောဂါဝေဒနာရှင်ဖြစ်စေ၊ (လိုအပ်ချက်အရ ခရီးထွက်ရ၍) ခရီးစဉ်၌ ရှိနေသူဖြစ်စေ (ပျက်ကွက်ခဲ့ သည့်နေ့ရက်များကို တွက်ချက်၍) သတ်မှတ်ပြဋ္ဌာန်းသောရက်များနှင့်အညီ အခြား (အဆင်ပြေသည့်) နေ့ရက်များတွင် ဖြည့်စွက် (ဆောက်တည်) ရန် (ပြဌာန်းထားခြင်းမှာ) အလ္လာဟ်အရှင်မြတ်သည် သင်တို့အတွက် လွယ်ကူမှုကို ရည်ရွယ်တော်မူပြီး ခက်ခဲမှုကို ရည်ရွယ်တော်မမူကြောင်း၊ သင်တို့ကို လမ်းညွှန်သည့်အတိုင်း ဖြည့်စွက်မှုကို အပြီးသတ်လုပ်လျှက် အလ္လာဟ်အရှင်မြတ်သည် ကြီးကဲမြင့်မြတ်တော်မူကြောင်း ဂုဏ်တင်မှသာလျှင် သင်တို့သည် ကျေးဇူးသိတတ်ကြလိမ့်မည်။