Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 2 - Al-Baqarah
Translation by Alin U Yin — Permalink
Verse 188 — Surah Al-Baqarah 2:188
သင်တို့အချင်းချင်းကြားတွင် သင်တို့၏ဥစ္စာပစ္စည်း (နှင့်ပိုင်ဆိုင်မှု) များကို မတရားသောနည်းလမ်း (များဖြစ်သည့် အကြံအစည်၊ လိမ်လည်လှည့်စားမှု) များဖြင့် မစားသုံးကြလေနှင့်။ (ထိုသို့စားသုံးခြင်းမှာ အပြစ်ရှိ ကြောင်းကို) သင်တို့သိနေကြလျှက်နှင့်လူတို့၏ဥစ္စာပစ္စည်း (နှင့်ပိုင်ဆိုင်မှု) များအနက်မှ အစိတ်အပိုင်း တစ်ခုခုကို စားသုံးရန်အလို့ငှာ (လူကြီး၊ တရားသူကြီးနှင့်အာဏာပိုင်အဖွဲ့အစည်းစသော) စီရင်ဆုံးဖြတ်ပိုင်ခွင့်ရှိသူတို့အား လာဘ်လာဘများ မထိုးကြလေနှင့်။