Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 189 — Surah Al-Baqarah 2:189

(အို၊ ရစူလ်တမန်တော်) သူတို့သည် ဆန်းဦးစ၊ လများနှင့်စပ်လျဉ်း၍ အသင်တမန်တော် ကိုမေးကြ၏။ ယင်းတို့သည် လူတို့အတွက် (လမြတ်ရမ်ဒွါန်သာမက) ဟဂျ် (ဝတ်ပြုရသည့်အချိန်ကိုပါ တွက်ချက်နိုင်ရန်) အချိန် ကာလကို ညွှန့်ဆိုသည့် အရာဖြစ်၏။ (နေကြတ်ခြင်း၊ လကြတ်ခြင်းနှင့်အိမ်များကို နောက်ပေါက်မှ ဝင်ခြင်းတို့ တွင် အယူရှိခြင်းနှင့်အစွဲအလမ်းရှိခြင်းသည် အယူသည်းမှုသာဖြစ်၍ သင်တို့၏) အိမ်များကို နောက်ပေါက်မှ ဝင်ခြင်းသည် ကောင်းမှုသီလ မမည်ပေ။ (ကောင်းမှုသီလပြုသူ) အစစ်အမှန်မှာ မွတ္တကီ (ခေါ် အရှင့်စည်းမျဉ်း တော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့်လိုက်နာကျင့်သုံးသူ) ပင်ဖြစ်သည်။ အိမ်များကို (ပုံမှန် အဝင်အထွက်လုပ်ရန် သတ်မှတ်ထားသော အိမ်ရှေ့) တံခါးပေါက်မှ ဝင်ရောက်ကြလော့။ သင်တို့သည် ပေါက်မြောက်အောင်မြင်သူများဖြစ်ကြရန်အတွက် အလ္လာဟ်အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့်လိုက်နာ) ကြလော့။