Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 190 — Surah Al-Baqarah 2:190

(အရှင့်ဂုဏ်တော်၊ ဂုဏ်ပုဒ်များကို သတိရ တသ၍ ဂုဏ်တင်ရန်အလို့ငှာ) အလ္လာဟ်အရှင်မြတ်၏လမ်းစဉ်တော်၌ သင်တို့အား တိုက်ခိုက်ကြသူတို့ကို (တန်ပြန်) တိုက်ခိုက်ကြလော့၊ သို့သော် အရှင့်စည်းမျဉ်းတော်များကို မချိုးဖောက်ကြလေနှင့်။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်သူတို့အား နှစ်သက်တော်မမူပေ။