Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 2 - Al-Baqarah
Translation by Alin U Yin — Permalink
Verse 191 — Surah Al-Baqarah 2:191
(လူ့ဘဝသာယာဖွံ့ဖြိုးရေးအတွက် ချမှတ်ပေးအပ်တော်မူသော အရှင့်စည်းမျဉ်းတော်များကို ဆန့်ကျင်၍ သင်တို့အား လာရောက်တိုက်ခိုက်ပါက) သူတို့အား ထိပ်တိုက်တွေ့ဆုံသည့်နေရာတိုင်း၌ သတ်ကြလော့။ သင်တို့အား နှင်ထုတ်ခဲ့သောနေရာတိုင်းမှ သူတို့ကို နှင်ထုတ်ကြလော့။ အကြောင်းမှာ ဖိနှိပ်ချုပ်ချယ်နှိပ်စက်ညှင်းပန်း ခြင်းသည် သတ်ဖြတ်ခြင်းထက် ပိုမို၍ ပြင်းထန်ဆိုးဝါးလှပေ၏။ အထွတ်အမြတ်ဆုံး ဝတ်ကျောင်းတော်တစ်ဝိုက်တွင် သင်တို့ကို မတိုက်ခိုက်သရွေ့ သူတို့ကိုလည်း မတိုက်ခိုက်ကြလေနှင့်။ အကယ်၍ သူတို့သည် လာရောက် တိုက်ခိုက်ကြလျှင် သူတို့ကိုလည်း တန်ပြန်တိုက်ခိုက်ကြလော့။ ဤသည်မှာ မယုံကြည်သူတို့ (နှင့်ဖီဆန်ကျူးလွန်သူတို့၏ယုတ်ညံ့သော လုပ်ရပ်များအတွက် အစားပေးထိုက်သည့် မကောင်းမှု) ၏အကျိုးဆက်ပင် ဖြစ်၏။