Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 193 — Surah Al-Baqarah 2:193

(မတရားဖိနှိပ်ချုပ်ချယ်မှု၊ မတည်မငြိမ်ဖြစ်စေမှုနှင့်) ညှင်းပန်းမှု လုံးဝ ပပျောက် သန့်စင်သွားသည်အထိ (မတရားကျူးလွန်သူများကို) တော်လှန်တိုက်ခိုက်ပြီး ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေး လမ်းစဉ်) ကို အလ္လာဟ်အရှင်မြတ်၏ကျေနပ်နှစ်သက်မှုရရန် အတွက်သာ ဖြစ်စေကြလော့။ အကယ်၍ သူတို့သည် မတရား ဖိနှိပ်ချုပ်ချယ်မှု၊ နှိပ်စက်ညှင်းပန်းမှုကို ရပ်စဲကြလျှင် စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက်၍ မတော်မတရား မမှန်မကန်လုပ်သူများမှအပ မည်သူ့ကိုမျှ ကျူးကျော် ရန်စစရာ အကြောင်းမရှိပေ။