Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 194 — Surah Al-Baqarah 2:194

(ယခင်ကရှိခဲ့သော) ထူးမြတ်သည့်လကို (ယခုသတ်မှတ်သော) ထူးမြတ်သည့်လဖြင့် (လည်းကောင်း) တား မြစ်ထားသောအရာများ (ဖြစ်သည့် အစ္စလာမ့်စံနှုန်းနှင့်တန်ဖိုးများအား မလိုက်နာဘဲ ချိုးဖောက်သူတို့အတွက် ကျူးလွန်သည့် ပြစ်မှုနှင့်အညီ အရေးယူခြင်း) ကို ဒဏ်ခတ်အရေးယူမှုဖြင့် (လည်းကောင်း အစားထိုးတော်မူပြီး) မည်သူမဆို (အရှင်မြတ်၏တားမြစ်ချက်များနှင့်စည်းမျဉ်းများကို) ကျူးလွန်ဖောက်ဖျက်၍ သင်တို့အား (ထိခိုက် နစ်နာစေရန်) တိုက်ခိုက်ပါက သင်တို့အား ထိခိုက်နစ်နာစေသည့် ကျူးလွန်မှုနှင့်အညီ (ဒဏ်ခတ်အရေးယူသည့်အနေဖြင့်) သူ့ကိုလည်း တန်ပြန်တိုက်ခိုက်ကြလော့။ ထို့နောက် အလ္လာဟ်အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့်လိုက်နာကျင့်သုံး) ကြလော့။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် မွတ္တကီ (ခေါ် အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့်လိုက်နာကျင့်သုံးသူ) များနှင့်အတူ ရှိတော်မူကြောင်း နှလုံးသွင်း သိထားကြကုန်လော့။