Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 2 - Al-Baqarah
Translation by Alin U Yin — Permalink
Verse 195 — Surah Al-Baqarah 2:195
(ဒဏ်ခတ်အရေးယူရန်၊ တန်ပြန်တိုက်ခိုက်ရန်နှင့် ခံစစ်အတွက် စီစဉ်ရာတွင်ဘဏ္ဍာငွေ မရှိမဖြစ် လိုအပ်သည်ဖြစ်၍) အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ (အသင်တို့၏အသက်၊ နည်းပညာ၊ ဥစ္စာဓနများကို) စွန့်လှူပေးကမ်းသုံးစွဲကြလော့။ (ထိုသို့ စွန့်လှူသုံးစွဲရန် ပျက်ကွက်လျှက်) သင်တို့၏လက်များဖြင့် ပျက်စီးတိမ်ကောမှုကို ဖက်တွယ် (ထားပြီး သင်တို့ကိုယ်သင်တို့ ပျက်စီးမှုနယ်ပယ်ထဲသို့ လွှင့်ပစ်) မထားကြလေနှင့်။ ထို့ပြင် (ကောင်း မှုနှင့်တကွ သင်တို့၏ကိစ္စဟူသမျှကို တာဝန်သိစိတ်ဖြင့်) အကောင်းဆုံးဖြစ်အောင် လုပ်ကြလော့။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် မုဟ်စဲန် (ခေါ် လုပ်ရပ်ဟူသမျှကို “အရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူကြောင်း” သိနားလည်၍ အရှင့်ကို သိစိတ်ဖြင့် အကောင်းဆုံးလုပ်ဆောင်သူ) များကို နှစ်သက်တော်မူ၏။