Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 196 — Surah Al-Baqarah 2:196

ဟဂျ်နှင့်အွမ်ရဟ်ကို အလ္လာဟ်အရှင်မြတ် (၏ကျေနပ်နှစ်သက်မှု) အတွက်သာ (စိတ်ရင်းစေတနာ ဖြူစင်စွာ ဖြင့်) ပြီးပြည့်စုံအောင် ပြုကြလော့။ အကယ်၍ (လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် သင်တို့စွန့်လှူရန် ရည်ရွယ်ထားသည့်) သားကောင် ရောက်လာရန် ကြန့်ကြာခဲ့လျှင် အလွယ်တကူရနိုင်သည့် သားကောင်ကို စွန့်လှူကြလော့။ သို့သော် သားကောင်မှာ (သတ်ဖြတ်စွန့်လှူရန် သတ်မှတ်ထားသည့်နေရာ သို့မဟုတ် ပန်းတိုင်) သို့ မရောက်သရွေ့ သင်တို့၏ဦးခေါင်းဆံပင်ကို မရိတ်ကြလေနှင့်။ မည်သူမဆို (ဦးခေါင်းဆံပင်ရိတ်လျှင် ရောဂါပို ဆိုးစေနိုင်သည့်) ကျန်းမာရေးချို့တဲ့သူ သို့မဟုတ် ဦးခေါင်း၌ အနာရောဂါတစ်ခုခုရှိနေသူဖြစ်ပါက ထိုသူသည် (ဆံပင်ရိတ်ခြင်းအား) ဆွီယာမ် ဥပုသ်ဆောက်တည်ခြင်း သို့မဟုတ်၊ အလှူပေးခြင်း သို့မဟုတ် သားကောင်စွန့်လှူခြင်း တစ်ခုခုဖြင့် အစားထိုးနိုင်၏။ မည်သူမဆို အွမ်ရဟ်ကို ဟဂျ်နှင့်တွဲ၍ပြုလုပ် (ရန် ရည်ရွယ်ပြီးထိုသို့ လုပ်ဆောင်ရန် အခွင့်အရေးရ) လျှင် တတ်စွမ်းသော အလွယ်တကူရနိုင်သည့် သားကောင်ကို စွန့်လှူသတ်ဖြတ် နိုင်၏။ အကယ်၍ (သားကောင်ဝယ်ယူရန် မတတ်စွမ်းနိုင်လျှင် သို့မဟုတ် လွယ်ကူစွာ) ရှာမတွေ့လျှင် သူသည် ဟဂျ်အတွင်း သုံးရက် ဟဂျ်ခရီးစဉ်မှ သူ၏နေရပ်သို့ ပြန်ရောက်သည့်အခါ ခုနှစ်ရက် စုစုပေါင်း ဆယ်ရက်အပြည့် ထိုနည်းအတိုင်း ဆွီယာမ်ဥပုသ်ဆောက်တည်ရမည်။ ဤ (စည်းမျဉ်းတော်) သည် အထွတ်မြတ်ဆုံး ဗလီဝတ် ကျောင်းတော် အနီးတဝိုက်၌ မိသားစုဖြင့် အတည်တကျ နေထိုင်သူ မဟုတ်သောသူတို့အတွက်သာ ဖြစ်၏။