Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 197 — Surah Al-Baqarah 2:197

ဟဂျ်ပြုရမည့်လသည် လူသိများသော လများအနက်မှ ဖြစ်၏။ မည်သူမဆို ယင်းလ၌ ဟဂျ်တာဝန်ကို ဆောင်ရွက်ရန် သန္နိဋ္ဌာန်ချထားလျှင် ထိုသူသည် ဟဂျ်ကာလအတွင်း ကာမဂုဏ်ခံစားသော စိတ်၏အလိုလိုက်မှု၊ သိက္ခာမဲ့သော ယုတ်ညံ့သည့်အပြုအမူနှင့်စကားများ၊ ခိုက်ရန်ဖြစ်ပွားမှုတို့ကို အလျှင်း မပြုလုပ်ရပေ။ (အရှင် မြတ်နှင့်တမန်တော်မြတ်မိန့်တော်မူသည့်အတိုင်း ဆောင်ရွက်ပြီး အခြားလူတို့အား ကူညီခြင်းကိုလည်း စေတနာ့ ဝန်ထမ်းအဖြစ်ဆောင်ရွက်သင့်သည်)။ သင်တို့က ကောင်းမှုအဖြစ် ပြုမူဆောင်ရွက်သမျှကို အလ္လာဟ်အရှင်မြတ် အကြွင်းမဲ့ သိနေတော်မူ၏။ (ဟဂျ်ပြုလုပ်ရန် စိတ်ဆုံးဖြတ်ထားသူများသည် ခရီးစဉ်တစ်လျှောက်လုံးအတွက် ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်ရန်လို၏။) (ဟဂျ်) ခရီးစဉ် တစ်ခုလုံး၌ လိုအပ်သော) စားနပ်ရိက္ခာအတွက် အစီအစဉ် ရေးဆွဲ၍ (သို့မဟုတ် ခရီးစရိတ် အလုံအလောက်ကို ကြိုတင်ပြင်ဆင်လျှက်) ယူဆောင်ကြလော့။ မုချဧကန်၊ အကောင်းဆုံးစားနပ်ရိက္ခာမှာ သက္ကဝါ (ခေါ် အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးခြင်း) ပင် ဖြစ်၏။ အို၊ မြော်မြင်ချင့်ချိန်နားလည်နိုင်စွမ်းရှိသော ပညာရှင်အပေါင်းတို့၊ ငါအရှင် မြတ်ကို စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့်လိုက်နာကျင့်သုံး) ကြလော့။