Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 198 — Surah Al-Baqarah 2:198

(ဟဂျ်အချိန်ကာလတွင်) ဟဂျ်ကျင့်စဉ်များကို မထိခိုက်စေဘဲ စီးပွားရှာခြင်းဖြင့်) သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်မှ ဆုလဒ်ရှာဖွေခြင်း၌ အပြစ်မထိုက်ပေ။ အာရဖါသ်မှ စု၍ ပြန်လာကြသောအခါ အထွတ်အမြတ်ဆုံး အမှတ်အသား (ရှိသော မုဇ်ဒလီဖာ) ၌ အလ္လာဟ် အရှင်မြတ်အား သတိရ တသ၍ ဖွင့်ဟကြလော့။ သင်တို့အား လမ်းညွှန်တော်မူသည့်အတိုင်း အရှင်မြတ်အား သတိရဖွင့်ဟကြလော့။ အကြောင်းမှာ သင်တို့သည် ရှေးယခင်က လမ်းလွဲသူများအနက်မှ ဖြစ်ခဲ့ကြသော ကြောင့် တည်း။