Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 199 — Surah Al-Baqarah 2:199

ထို့နောက် (မာနကြောင့် အခြားလူတို့နှင့်ပေါင်းစည်းရန် အာရဖါသ်သွားခြင်းမှ ရှောင်၍ မုဇ်ဒလီဖာ၌ပင် မနေသင့်ပေ။) လူအများစုပြန်လာသည့်နေရာ (အာရဖါသ်) သို့ပြန်၍ (အာရဖါသ်၌) ပြန်လည် စုစည်းလျှက် အလ္လာဟ်အရှင်မြတ်ထံတော်၌ လွတ်ငြိမ်းချမ်းသာခွင့်အတွက် ဆုတောင်းကြလော့။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (လူ့စွမ်းရည်မတိမ်ကောရလေအောင် စည်းမျဉ်းတော်များ ချမှတ်ပေးအပ်တော်မူပြီး ယင်းတို့ကို မတော်တဆ ချိုးဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင်ပင် ဖြစ်တော်မူ၏။