Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 2 - Al-Baqarah
Translation by Alin U Yin — Permalink
Verse 200 — Surah Al-Baqarah 2:200
ထိုသို့ (ဟဂျ်ဆိုင်ရာ) ကျင့်စဉ်များကို အပြီးအစီး စုံလင်စွာ ဆောင်ရွက်ပြီးသည့်အခါ သင်တို့၏ဘိုးဘေး များ (ဖြစ်ကြသော တမန်တော် အာဒမ်၊ အီဗ်ရာဟီးမ်၊ အီစ္စမာအီလ်စသည်တို့) သည် အလ္လာဟ်အရှင်မြတ်ကို သတိရ တသ၍ ဖွင့်ဟ (လျှက် အရှင့်အမိန့်တော်နှင့်အညီ အရှင့်ကူညီစောင်မမှုကို တောင်းခံခဲ့) သကဲ့သို့ သင်တို့လည်း သတိရ တသ၍ ဖွင့်ဟကြလော့။ သို့တည်းမဟုတ် (သင်တို့၏ခေတ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ် သည့် အရင်းအမြစ်များရရှိရန်အလို့ငှာ) သူတို့ထက်ပို၍ပင် သတိရ တသ၍ ဖွင့်ဟကြလော့။ လူသားတို့ အနက် “အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ကျွန်ုပ်တို့ အား (လောကီဘဝ၌ ဖွံ့ဖြိုးတိုးတက်ပြီး ပျော်မြူးနိုင်ရန် လိုအပ်သမျှကို) ဤလောကီ၌သာ ပေးသနား တော်မူပါ။” ဟု မျှော်ကိုးတောင်းခံသူများ အတွက် တမလွန်ဘဝ၌ မည်သည့်ဝေစုမျှ ရှိမည် မဟုတ်ပေ။