Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 203 — Surah Al-Baqarah 2:203

(ဟဂျ်အတွက်) တွက်ချက်သတ်မှတ်ထားသောရက်များ၌ အလ္လာဟ်အရှင်မြတ်ကို သတိရ တသ၍ ဖွင့်ဟကြလော့။ မည်သူမဆို (ယင်းရက်များထက်) နှစ်ရက်စော၍ပြန်လိုလျှင် (အီးဒ်ဝတ်ပြုမှုအပြီး) အလျင်စလို ထွက်ခွာသွားသည်ဖြစ်စေ၊ နှစ်ရက်နောက်ကျ၍ ပြန်သည်ဖြစ်စေ အပြစ်မထိုက်ပေ။ ဤသည် (အရှင့်စည်းမျဉ်းဘောင်များကို ဂရုစိုက်လျှက် အလ္လာဟ်အရှင်မြတ်ကို) စိုးရွံ့ထိတ်လန့်သူ တို့အတွက်ပင် ဖြစ်၏။ သို့ဖြစ်ရာ၊ အလ္လာဟ်အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး) ကြလော့။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့အားလုံးကို (တမလွန်တရားစီရင်မည့်နေ့၌) အရှင့်ရှေ့ တော်မှောက်တွင် စုရုံးရောက်ရှိစေတော်မူမည်ဖြစ်ကြောင်း နှလုံးသွင်း၍ သိထားကြလော့။