Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 205 — Surah Al-Baqarah 2:205

(ထိုသို့ ပရိယာယ်သုံး ပြောဆို၍ အယုံသွင်းပြီးနောက်) ထိုသူသည် (သူ့အသိုင်းအဝိုင်းထဲတွင်) လှည့်ပြန်သွားသည့်အခါ ကမ္ဘာဂြိုဟ်၌ အဖျက်အမှောင့်များ ပျံ့နှံ့စေရန် (အားသွန်ခွန်စိုက်) ရုန်းကန်လှုပ်ရှားပြီး သင်၏ကောက်ပဲသီးနှံ (အကျိုးစီးပွား၊ အသက်ရှင်ရပ်တည်ရေးဆိုင်ရာ အရင်းအမြစ်များ) နှင့်သင့်မျိုးဆက်တို့ကို ဖျက်ဆီးသုတ်သင်ရန် ကြိုးစားလေ၏။ ဧကန်မုချ၊ အလ္လာဟ်အရှင်မြတ်သည် အဖျက်အမှောင့်ပြုခြင်းကို နှစ်သက်တော် မမူပေ။