Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 207 — Surah Al-Baqarah 2:207

(တစ်ဖန် အဖျက်အမှောင့်လုပ်သူနှင့်ဆန့်ကျင်ဘက် ပုဂ္ဂိုလ်လည်းရှိ၏။) လူသားတို့တွင် သူ၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ် အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) အား အလ္လာဟ်အရှင်မြတ်၏ကျေနပ်နှစ်သက်မှုရရှိရန် လဲလှယ်ရောင်းချသူလည်း ရှိ၏။ ဧကန်မုချ၊ အလ္လာဟ်အရှင်မြတ်သည် (အရှင့်အစေခံ လူသားများနှင့်စပ်လျဉ်း၍ အရှင့် အမိန့်တော်အတိုင်း လိုက်နာနိုင်ရန်အလို့ငှာ) အရှင့်အစေခံတို့အပေါ် သူတို့၏ဒုက္ခအခက်အခဲများကို ဖယ်ရှားပေး၍ လွယ်ကူစေတော်မူရာတွင် အလွန်ပင် ညှာတာတော်မူသောအရှင် ဖြစ်တော်မူ၏။