Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 21 — Surah Al-Baqarah 2:21

အို၊ လူသားအပေါင်းတို့၊ သင်တို့နှင့်သင်တို့၏အလျင် ရှေးခေတ်လူသားတို့အား (လူ့သဘောသဘာဝနှင့် လူ့သက်သေခံများ ချီးမြှင့်ပေးအပ်လျှက်) ဖွဲ့စည်းဖြစ်တည်စေ၍ ပြုစုပျိုးထောင်စေတော်မူသော သင်တို့၏အရှင်သခင် (အလ္လာဟ်အရှင်မြတ်) ကို ခဝပ်နာခံကိုးကွယ်ကြလော့။ သို့မှသာ (အရှင့်လမ်းစဉ်နှင့်အရှင့်အကာအကွယ်ကို ရရှိစေမည့်) မွတ္တကီ (ခေါ် အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် နာခံလိုက်နာသူ) များ ဖြစ်ရာ၏။ (သို့ဖြစ်၍ ဤလောကနှင့်တမလွန်တွင် ဆိုးကျိုးဖြစ်စေသည့် သွေဖည်မှုဟူသမျှကို ရှောင်ကြဉ်ကြလော့။)