Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 210 — Surah Al-Baqarah 2:210

(သူတို့သည် မဖြစ်မနေလုပ်ဆောင်ရမည့်တာဝန်အဖြစ် သတ်မှတ်ပြဌာန်းထားသော အရှင့်အမိန့်တော်များကို နာခံလိုက်နာရန် ပျက်ကွက်လျှက် အရှင့်အမိန့်ညွှန်ကြားချက်များနှင့်) လုပ်ငန်းတာဝန်များကို (အရှင်မြတ်သာ လုပ်ပေးတော်မူလိမ့်မည်ဟု ပြောဆို၍ သူတို့၏တာဝန်တိုင်းကို) အလ္လာဟ်အရှင်မြတ်ဘက်သို့ ပြန်လှည့်စေပြီး (သူတို့၏ကိုယ်စိတ်နှလုံးများကို အရှင့်ထံသို့ မအပ်နှံဘဲ) အလ္လာဟ်အရှင်မြတ်နှင့်အတူ မလာအီကာစေတမန်များကိုပါ မိုးတိမ်များ၏အရိပ်များ၌ (စီးနင်းစေလျှက်) ကြွရောက်လာ၍ အမိန့်တော်များကို သူတို့ထံ စီရင်ပြဋ္ဌာန်း (ပေးပြီး သူတို့ကိုယ်စားဆောင်ရွက်) ရန်အတွက်သာ တွေးတောမျှော်လင့်နေကြသလော။ နှလုံးသွင်းသင့်သည်မှာ စီမံချက်များနှင့်အရေးကိစ္စဟူသမျှတို့သည် အလ္လာဟ်အရှင်မြတ်ထံသို့ပင် ဦးလှည့်၍ရောက်ရှိစေခြင်း ခံကြရလိမ့်မည်။