Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 211 — Surah Al-Baqarah 2:211

အစ္စရေးမျိုးနွယ်ဝင်တို့အား “အရှင်မြတ်က သူတို့ထံ အဘယ်မျှ များပြားသည့် အရှင့်ရှင်းလင်းထင် ရှားသော အမိန့်တော်ဆိုင်ရာ သက်သေလက္ခဏာများ (နှင့်ရှင်းလင်းချက်များ) ကို ပေးအပ်တော်မူခဲ့သနည်း။” ဟု မေးလော့။ မည်သူမဆို အလ္လာဟ်အရှင်မြတ်က ပေးအပ်ချီးမြှင့်တော်မူသော (အမိန့်တော်ဆိုင်ရာ) ကျေးဇူးတော်များကို သူ့ထံရောက်ရှိခဲ့ပြီးနောက် (သူက ယင်းတို့ကို သူ့အလိုကျ အခြားအချက်အလက်များဖြင့် အစားထိုး၍) ပြောင်း လဲစေသော် (သူ မှတ်ထားသင့်သည်မှာ) မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် ကျူးလွန်သည့် ပြစ်မှုနှင့်အညီ ပြင်း ထန် ပြတ်သားသော ဒဏ်ခတ်မှုဖြင့် တန်ပြန်စေတော်မူသော အရှင်ဖြစ်တော်မူကြောင်းပင်။