Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 2 - Al-Baqarah
Translation by Alin U Yin — Permalink
Verse 212 — Surah Al-Baqarah 2:212
(အလ္လာဟ်အရှင်မြတ်က လူသားတို့၏လိုအပ်ချက်နှင့်အညီ အလှတန်ဆာဆင်ထားသော ဤလောကီ ကမ္ဘာကြီး၌) လောကီဘဝသက်တမ်းကိုသာ (ဆွဲဆောင်မက်မောဖွယ်အဖြစ် မှတ်ယူပြီး စည်းစိမ်ဥစ္စာဓနနှင့်ဩဇာဂုဏ်ပကာသနတို့ကို လောဘတကြီး) အလှဆင်နေသည့် မယုံကြည်သူ (နှင့် အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့က ယုံကြည်သူတို့အနက်မှ သက္ကဝါရှင် (ခေါ် အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်ကြံသူ) တို့အား လှောင်ပြောင် ပျက်ရယ်ပြုကြသော်လည်း ရှင်ပြန်ထမည့်နေ့တွင်မူ ထိုသက္ကဝါရှင်တို့သည် ထိုသူတို့ထက် သာပိုမြင့်မြတ်၍ အသာစီးရစေတော်မူလိမ့်မည်။ အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူတို့အား အသက်ရှင်ရပ်တည်ရေးဆိုင်ရာ လိုအပ်ချက်များနှင့်စားနပ်ရိက္ခာများ အတိုင်းအဆမဲ့ ထောက်ပံ့ပေးတော်မူ၏။