Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 213 — Surah Al-Baqarah 2:213

(ကမ္ဘာဦးမှ ယနေ့အထိ ကမ္ဘာဂြိုဟ်ပေါ်ဝယ် အသက်ရှင်နေထိုင်ခဲ့ကြသော၊ နေထိုင်နေကြသော လူတို့ သည်) တစ်ခုတည်းသော လူသားမျိုးနွယ်သာဖြစ်ပြီး (တမန်တော်မြတ်မုဟမ္မဒ်မတိုင်မီ ခေတ်တိုင်း၌) နဗီတမန်တော်များကို သတင်းကောင်းပါးသူနှင့်သတိပေးတိုက်တွန်းနှိုးဆော်သူများအဖြစ် စေလွှတ်တော်မူပြီး သူတို့နှင့်အတူ လူသားတို့အချင်းချင်းကြားဝယ်ရှိ ကွဲလွဲမှုများအား (ဥပဒေနှင့်နည်းစနစ်များပါဝင်စေကာ) စီရင်ဆုံးဖြတ်စေ လျှက် အမှန်တရားသစ္စာပေါ် အခြေခံသည့် ကျမ်းတော်ကိုလည်း ထုတ်ပြန်ချမှတ်ပေးအပ်ခဲ့ပြီ။ ထိုကျမ်းတော်၌ မည်သည့် ကွဲလွဲချက်မျှ မရှိသော်လည်း ကျမ်းတော်ထုတ်ပြန် ချမှတ်ပေးခြင်းအပ်ခံရသူတို့သည် ရှင်းလင်းထင်ရှားသော သက်သေလက္ခဏာတော်များနှင့်ရှင်းလင်းချက်များ သူတို့ထံရောက်ရှိလာခဲ့ပြီးနောက် သူတို့ထဲမှ မနာလို ဖီဆန်လိုမှုကြောင့် (ကျမ်းတော်၌ ကွဲလွဲမှုရှိဟန်ဖြင့် ဝါဒဖြန့်၍) အချင်းချင်းကြားဝယ် ကွဲလွဲစေခဲ့၏။ အလ္လာဟ်အရှင်မြတ်သည် (အရှင်မြတ်နှင့်အရှင့်တမန်တော်ကို) ယုံကြည်သူတို့အား အမှန်တရားသစ္စာ (ကုရ်အာန်) မှ မည်သည့်အချက်အား အဘယ်ကြောင့် (သူတို့) ကွဲလွဲစေခဲ့ကြောင်းနှင့်စပ်လျဉ်း၍ အရှင့်အမိန့်တော် ခွင့်ပြုချက် ဖြင့် (တမန်တော်မြတ်မှတစ်ဆင့်) လမ်းညွှန်တော်မူခဲ့ပြီ။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒ တော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသော သူတို့အား (အစစ အရာရာတွင်) ဖြောင့်မတ်မှန်ကန် မြဲမြံတည်တံ့စေသော လမ်းစဉ်ကို ညွှန်ပြတော်မူ၏။