Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 214 — Surah Al-Baqarah 2:214

သို့တည်းမဟုတ် (လူ့သမိုင်းတစ်လျှောက်၌ သင်တို့ထံ သူတို့အကြောင်း လက်ဆင့်ကမ်းခဲ့သည့်) သင်တို့အလျှင် သင်တို့ကဲ့သို့သောလူများ ကွယ်လွန်သွားခဲ့ကြပြီ။ သူတို့ထံ အရှင်မြတ်က စေလွှတ်တော်မူခဲ့သည့် ရစူလ်တမန်တော်အပြင် သူနှင့်အတူရှိခဲ့ကြသော ယုံကြည်သူ (နောက်လိုက်) များသည်ပင် တုန်လှုပ်ချောက်ချား၍ “အလ္လာဟ်အရှင်မြတ်ထံတော်မှ အထောက်အပံ့များ၊ အကူအညီများ မည်သည့်အချိန်၌ ရောက်လာမည်နည်း။” ဟု (ငိုကြွေး) တောင်းခံရသည်အထိ ရောဂါဒဏ်၊ ဆင်းရဲဒုက္ခ အခက်အခဲနှင့်စိတ်ဖိစီးမှုဒဏ်တို့ကို သူတို့ကိုယ်တိုင် တွေ့ကြုံရင်ဆိုင်ခံစားခဲ့ကြရ၏။ သင်တို့ထံ ထိုသို့သော ဘေးဒုက္ခ အကျပ်အတည်းများ မရောက်လာသေးဘဲနှင့် အလွယ်တကူ သုခဘုံထဲသို့ ဝင်ရောက်ရန် စိတ်ကူးယဉ် တွေးတောနေကြသလော။ (မပြောလောက်သည့် အခက်အခဲကိုပင် ရင်မဆိုင်ဝံ့ဘဲ မျှော်လင့်ချက်ကင်း နေကြသလော။) မုချဧကန်၊ အလ္လာဟ်အရှင်မြတ်၏အကူအညီ၊ အထောက်အပံ့များသည် (အစဉ်အမြဲ သင်တို့နှင့်အတူ) နီးကပ်လျက်ပင် ရှိနေကြောင်း နှလုံးသွင်းမှတ်ထားကြလော့။