Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 2 - Al-Baqarah
Translation by Alin U Yin — Permalink
Verse 215 — Surah Al-Baqarah 2:215
သူတို့က “မည်သည့်အရာအား မည်သို့ စွန့်လှူပေးကမ်းသုံးစွဲကြရမည်နည်း။” ဟု သင့်ကို မေးခဲ့ကြ၏။ (အသင်တို့ကို အလ္လာဟ်အရှင်မြတ်က ပေးအပ်တော်မူသည့် ဥစ္စာဓန၊ ဉာဏစွမ်းရည် နည်းပညာများမှ အကျိုးပြုသည့်) ကောင်းသော အရာဟူသမျှကို မိဘများ၊ ဆွေမျိုးအရင်းအချာများ၊ မိဘမဲ့များ၊ ခိုကိုးရာမဲ့နေသော ဆင်းရဲ နွမ်းပါးသူများ၊ ခရီးသည်များနှင့်ကျွန်ဘဝမှလွတ်မြောက်လိုသူများအတွက် (တတ်စွမ်းနိုင်သလောက်) စွန့်လှူပေး ကမ်းသုံးစွဲကြလော့။ (လူသားအကျိုးပြုလုပ်ငန်းများ၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်နာမ်ရေးရာ မြှင့်တင်ရေးလုပ်ငန်းများ စသော) ကောင်းမြတ်သည့် ပြုမူဆောင်ရွက်ချက်ဟူသမျှကိုလည်း လုပ်ဆောင်ကြလော့။” ဟု ဟောပြောလော့။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် ယင်း (ကောင်းမှုဟူသမျှ) ကို အကြွင်းမဲ့ သိနေတော်မူ၏။