Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 217 — Surah Al-Baqarah 2:217

ထူးမြတ်သောလ၌ တန်ပြန်တိုက်ခိုက်ခြင်းနှင့်စပ်လျဉ်း၍ သူတို့က အသင့်ကို မေးနေကြ၏။ “ယင်းလ၌ စစ် တိုက်ခြင်းသည် ကြီးလေးသော ပြစ်မှုတစ်ခုဖြစ်ကြောင်း ဟောလော့။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်ထံတော်၌ အလ္လာဟ်အရှင်မြတ်၏လမ်းစဉ်တော်မှ (လူတို့ကို) တားဆီးပိတ်ပင်ခြင်း၊ အရှင်မြတ်ကို မယုံကြည်ခြင်းနှင့်အထွတ်အမြတ်ဆုံး ဝတ်ကျောင်းတော် (၌လာရောက်ဝတ်ပြုသူတို့) ကို ဟန့်တား၍ (ယင်းထဲတွင် ဝတ်ပြုနေသူများအား) ယင်းနေရာမှ နှင်ထုတ်ခြင်းတို့သည်” အကြီးလေးဆုံးသော ပြစ်မှုပင် ဖြစ်၏။ အမှန်မှာ ဖိနှိပ်ချုပ်ချယ် ညှင်းပန်းခြင်းသည် (ထိုဖိနှိပ်ချုပ်ချယ်ညှင်းပန်းမှုများ ချုပ်ငြိမ်းရန် ဆင်နွှဲရသော) စစ်ပွဲထက် အလွန်ပင် (စက်ဆုပ် ရွံရှာဖွယ်ကောင်းသည့်) ကြီးလေးသော ပြစ်မှုကြီးဖြစ်၏။ အကယ်၍ သူတို့တတ်စွမ်းနိုင်လျှင် သင်တို့ကို သင်တို့၏ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သော ဘဝတည်ဆောက်မှု လမ်းစဉ်) မှဖယ်ထုတ်ပြီး သူတို့၏လမ်းစဉ်များနှင့်ဘာသာဘက်သို့ လှည့်ပြန်သွားသည်အထိ (ဆက်လက်တိုက်ခိုက်ရန် ရည် ရွယ်သည့်အတွက်) သူတို့က သင်တို့နှင့်စစ်ရပ်စဲရေးလုပ်ကြလိမ့်မည် မဟုတ်ပေ။ သင်တို့အနက်မှ မည်သူမဆို အရှင်မြတ်၏ဒီန်လမ်းစဥ်တော်မှ ထိုသို့ဖောက်ပြန်၍ လှည့်သွားပြီး (သူတို့လမ်းစဉ်၏နောက်လိုက်များ ဖြစ်လျှက်) ကွယ်လွန်သေဆုံးသွားလျှင် ထိုသူသည် မယုံကြည်သူ တစ်ဦးဖြစ်ရုံသာမက သူ၏ပြုမူကျင့်ကြံဆောင်ရွက်သမျှသည် ဤလောကီသက်တမ်း (တွင် မည်သူ့ကိုမျှ အကျိုးမပြုဘဲ သူ့လုပ်ရပ်များ) နှင့် (လူတို့အား လှည့်စားရာ၌ အသုံးချသည့် မူဝါဒလမ်းစဉ်ဖြင့် ကျူးလွန်ခဲ့သော ပြစ်မှုများကြောင့် ငရဲမီးသာ ထိုက်တန်သည့်အတွက်) တမလွန် ဘဝတွင်လည်း အချည်းနှီးအကျိုးမဲ့မည်သာဖြစ်သည့်အပြင် ထိုအခြေအနေ၌ပင် ကာလအကန့်အသတ်မဲ့နေ ကြရလိမ့်မည်။