Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 2 - Al-Baqarah
Translation by Alin U Yin — Permalink
Verse 218 — Surah Al-Baqarah 2:218
မုချဧကန်၊ ယုံကြည်သူများ၊ (ဖိနှိပ်ချုပ်ချယ်ညှင်းပန်းခံရမှုကြောင့်) မွေးရပ်မြေကို စွန့်ခွာရသူများ၊ (အရှင့် အမိန့်တော်များကို တစ်သဝေမတိမ်းလိုက်နာလျှက်) အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ စွမ်းစွမ်းတမံ၊ ရုန်းကန်ကြိုးပမ်းသူများ၊ (အစရှိသည့်) ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်၏ကရုဏာတော်ကို မျှော်လင့်တောင့်တနေ ကြသူများ ဖြစ်ကြသည်။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (လူ့စွမ်းရည်မတိမ်ကောရလေအောင် စည်းမျဉ်းတော်များကို ချမှတ်ပေးအပ်တော်မူပြီး ယင်းတို့ကို မတော်တဆ ချိုးဖောက်မိသူတို့အား) အလွန်ပင် လွတ်ငြိမ်း ချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ်သနားညှာတာတော်မူသော အကြင်နာရှင်ပင် ဖြစ်တော်မူ၏။