Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 2 - Al-Baqarah
Translation by Alin U Yin — Permalink
Verse 219 — Surah Al-Baqarah 2:219
သူတို့က “မူးယစ်စေသော အစားအသောက်နှင့် (အလွယ်တကူ ဝင်ငွေရှာခွင့်ရသည့်) လောင်းကစားခြင်း တို့နှင့်စပ်လျဉ်း၍ အသင့်ကို မေးနေကြ၏။ ထိုလုပ်ရပ်နှစ်ခုစလုံး၌ လူသားတို့အတွက် (မပြောပလောက်သည့် အတိုင်းအတာအထိသာ) အကျိုးရှိပြီး ယင်းတို့၌ရှိသော ဆိုးကျိုးနှင့်ပြစ်မှုမှာမူ ကောင်းကျိုးထက် အဆမတန်ကြီး လေး၏။” ဟု ဖြေဆိုလော့။ ထို့ပြင် သူတို့က “မည်သည့်အတိုင်းအတာအထိ စွန့်လှူပေးကမ်းသုံးစွဲရမည်နည်း။” ဟု အသင် (တမန်တော်) ကို မေးနေကြ၏။ “(လိုအပ်ချက်များကို ဖြည့်ဆည်းစေပြီးနောက်) ပိုလျှံသမျှ (ကို စွန့်လှူပေးကမ်းသုံးစွဲကြလော့။)” ဟု ဖြေဆိုလော့။ ဤသို့ဖြင့် အလ္လာဟ်အရှင်မြတ်သည် သင်တို့ စဉ်းစားဆင် ခြင်သုံးသပ်နိုင် ရန်အလို့ငှာ အာယာသ်သက်သေလက္ခဏာတော်များကို ကွက်ကွက်ကွင်းကွင်းမြင်သာအောင် ထင်ရှားရှင်းလင်းစွာ ချမှတ်ပေးအပ်တော်မူ၏။