Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 22 — Surah Al-Baqarah 2:22

ထိုအရှင်မြတ်သည် သင်တို့အတွက် ဤကမ္ဘာဂြိုလ်ကို (သာယာဖြောင့်ဖြူးသော) နားခိုရာအခင်းနှင့်မိုးကောင်းကင်ကို အမိုးအကာအဖြစ် ဖွဲ့စည်းဖြစ်တည်စေတော်မူပြီး ကောင်းကင်ယံမှ သွန်းချသော မိုးရေအားဖြင့် ပေါက်ပွားလာစေသည့် ကောက်ပဲသီးနှံအမျိုးမျိုးတို့ကို သင်တို့အတွက် ရိက္ခာအထောက်အပံ့များအဖြစ် ပေါက်ရောက်ဖြစ်ထွန်းစေတော်မူသည်ကို သိလျက်နှင့် (သက်ရှိသက်မဲ့များကို) အရှင်မြတ်၏ဂုဏ်တော်နှင့်တုပြိုင်တွဲဖက်၍ ကိုးကွယ်ရာများအဖြစ် (သင်တို့ကိုယ်တိုင်ဖန်တီးလျက်) ကိုးကွယ်ခြင်း အလျှင်း မပြုကြလေနှင့်။