Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 2 - Al-Baqarah
Translation by Alin U Yin — Permalink
Verse 220 — Surah Al-Baqarah 2:220
လောကီဘဝနှင့်တမလွန်ဘဝ၌ (သူတို့အတွက် အကျိုးရှိသောအရာမှာ အရှင်မြတ်ဖွဲ့စည်းဖြစ်တည်စေတော်မူသော လူသားတို့အား သူတို့၏နာမ်ရေးရာနှင့်အသက်ရှင်ရပ်တည်နိုင်ရေးတို့တွင် ကူညီပံ့ပိုးခြင်းပင် ဖြစ်သည့်အလျောက်) မိဘမဲ့များအရေးနှင့်စပ်လျဉ်း၍ သူတို့က အသင့်ကို မေးနေကြ၏။ “ထိုမိဘမဲ့များအတွက် အကောင်းဆုံးဖြစ်အောင် စေ့စပ်ညှိနှိုင်း၍ အဖြေရှာကြလော့။” ဟု ဟောလော့။ အကယ်၍ မိဘမဲ့များ (၌ သူတို့ မိဘက ထားခဲ့သည့် ဥစ္စာဓနများရှိနေပြီး သူတို့အရွယ်မရောက်သေး၍ ယင်းတို့ကို မစီမံနိုင်သဖြင့် သူတို့) နှင့်ပူးပေါင်းဆောင်ရွက်လိုသော် (နှလုံးသွင်းထားရမည်မှာ သူတို့လည်း သင်တို့ကဲ့သို့ လူသား) ညီနောင်များ ဖြစ်ကြ၏။ အလ္လာဟ်အရှင်မြတ်သည် စေ့စပ်ညှိနှိုင်း၍ အဖြေရှာသူတို့အနက်မှ (မည်သူက) ကောက်ကျစ် ဖောက်ပြန်၍ အဖျက်အမှောင့်ပြုသူဖြစ်သည်ကို အကြွင်းမဲ့သိ နေတော်မူ၏။ အကယ်၍ အလ္လာဟ်အရှင်မြတ်၏ဆန္ဒတော်ရှိခဲ့လျှင် (မိဘမဲ့များအရေးနှင့်စပ်လျဉ်း၍ တင်းကြပ်ပြင်းထန်သည့် ဥပဒေများ ချမှတ်ပြဋ္ဌာန်းပေးလျှက်) သင်တို့အား ဒုက္ခအခက်အခဲ ပေးစေတော်မူခဲ့လိမ့်မည်။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် လူသားတို့အား ဂုဏ်ဩဇာများချီးမြှင့်တော်မူသကဲ့သို့ အားလုံးအပေါ်၌လည်း အရှင့်ဘုန်းတန်ခိုးတော်ဖြင့် နိုင်နင်းလွှမ်း မိုးတော်မူသောအရှင်၊ (တရားစီရင်ရာတွင်) အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။