Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 221 — Surah Al-Baqarah 2:221

ကျွန်မတစ်ဦး (အစေခံတစ်ဦး) သည် အရှင်မြတ်နှင့်တုပြိုင်တွဲဘက်၍ အခြားသက်ရှိသက်မဲ့များကို အယူထားယုံကြည် ကိုးကွယ်သောအမျိုးသမီးတစ်ဦးသည် အခြားအမျိုးသမီးထက် သာလွန်ကောင်းမြတ်သောကြောင့်) အလ္လာဟ်အရှင်မြတ်နှင့်တုပြိုင်တွဲဘက်၍ အခြားအရာများကို ကိုးကွယ်ကြသည့် အမျိုးသမီးများအား သူမတို့သည် ယုံကြည်သူများ မဖြစ်ကြသရွေ့ (သူမတို့၏အဆင်းရူပ၊ ဥစ္စာဓနနှင့်ဂုဏ်အရည်အချင်းများမှာ သင်တို့အတွက် မည်သို့ပင် မက်မောဆွဲဆောင်ဖွယ်ရာဖြစ်ပါစေ) မထိမ်းမြားကြလေနှင့်။ အလားတူ အရှင်မြတ်နှင့်တုပြိုင်တွဲဘက်၍ အခြားသောအရာများကို ဆည်းကပ်ကိုးကွယ်သော ကျွန်တစ်ဦး (အစေခံတစ်ဦး) သည် အခြားအမျိုးသားတစ်ဦးထက် သာလွန်ကောင်းမြတ်သောကြောင့် အရှင်မြတ်နှင့်တုပြိုင်တွဲဘက်၍ အခြားသော အရာများကို ဆည်းကပ်ကိုးကွယ်ကြသည့် အမျိုးသားများအား သူတို့သည် ယုံကြည်သူများ မဖြစ်ကြသရွေ့ (သူတို့၏ရုပ်ရည်အဆင့်အတန်း၊ စည်းစိမ်ဥစ္စာဓနနှင့်ဂုဏ်ဩဇာတို့မှာ) သင်မတို့အတွက် မည်မျှပင် မက်မောဆွဲ ဆောင်ဖွယ်ရာဖြစ်နေပါစေ၊ မထိမ်းမြားကြလေနှင့်။ (မထိမ်းမြားရန်တားမြစ်ရသည့် အကြောင်းရင်းမှာ) သူတို့သည် အသင်တို့အား ငရဲမီးဘက်သို့ (ဘဝခရီးဆက်ရန်) ဖိတ်ခေါ်နေကြပြီး အလ္လာဟ်အရှင်မြတ်သည် လူသားအတွက် အရှင့်အာယာသ်သက်သေလက္ခဏာတော်များကို ကွက်ကွက်ကွင်းကွင်း မြင်သာအောင် ထင်ရှားပြတ်သားစွာ ရှင်းလင်းစေတော်မူလျှက် သူတို့က သတိရဆင်ခြင်ကြရန်အလို့ငှာ အရှင့်ခွင့်ပြုချက်ဖြင့် သုခဘုံနှင့်လွတ် ငြိမ်းချမ်းသာခွင့် (ပေးတော်မူရန်အရှင့် လမ်းညွှန်တော်) ဘက်သို့ ဖိတ်ခေါ်နေတော်မူ၏။