Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 222 — Surah Al-Baqarah 2:222

သူတို့သည် ရာသီပန်းအကြောင်းနှင့်စပ်လျဉ်း၍လည်း အသင့်ကို မေးခဲ့ကြ၏။ “ယင်းသည် အနည်းငယ် (နာကျင်မှုနှင့်ညစ်ပေမှုကို ခံစားရသည့်) နာမကျန်းမှုပင် ဖြစ်၏။ ရာသီပန်းပွင့်ချိန်တွင် (သူမတို့) ပြန်လည် သန့်စင်သည်အထိ (သင်တို့၏တရားဝင်လက်ထပ်ထားသော) အမျိုးသမီးများထံ မချဉ်းကပ်ကြလေနှင့်။ သူမတို့သည် သန့်စင်လာကြသည့်အခါ အလ္လာဟ်အရှင်မြတ်က သင်တို့အား မိန့်တော်မူသည့်အတိုင်း (အရှင့် စည်းမျဉ်းတော် များနှင့်အညီပြုမူကျင့်ကြံ၍ ဆက်ဆံ) ချဉ်းကပ်ကြလော့။” ဟု ဟောပြောလော့။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် နောင်တဖြင့် အရှင့်ဘက်လှည့်သူများနှင့်အတူ သန့်ရှင်းစင်ကြယ်သူများကိုလည်း အလွန်ပင် ကြိုက်နှစ်သက်တော်မူ၏။