Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 2 - Al-Baqarah
Translation by Alin U Yin — Permalink
Verse 223 — Surah Al-Baqarah 2:223
သင်တို့၏ (တရားဝင်ထိမ်းမြားထားသော) အမျိုးသမီးများသည် (မျိုးစေ့ချ၍ စိုက်ပျိုးနိုင်ရန် ထွန်ယက်ထားသည့်) တမန်းတစ်ခုပမာဖြစ်ပြီး သင်တို့၏တမန်းကို သင်တို့ဆန္ဒအလျှောက်သွားလာပြီး သင်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သောစိတ်ဝိဉာဉ်) ကို သင်တို့ကိုယ်တိုင် (ကောင်းမြတ်သော ပြုမူကျင့်ကြံဆောင်ရွက်မှုများတွင် အသုံးချ၍ သင်တို့၏အနာဂတ်တမလွန်အတွက်) ကြိုတင်ပို့ထားကြလော့။ (မျိုးဆက်မွန်၊ မျိုးဆက်ကောင်းများ ထွန်းကားရန် မျိုးစေ့ချကြလော့)။ ထို့ပြင် အလ္လာဟ်အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့်လိုက်နာကျင့်သုံး) ကြလော့။ သင်တို့ (အားလုံး) အလ္လာဟ်အရှင်မြတ်နှင့်ဆုံတွေ့ ကြရမည်ကို နှလုံးသွင်းထားကြလော့။ ထို့ပြင် ယုံကြည်သူများကိုလည်း သူတို့အတွက် သုခဥယျာဉ်ရှိနေကြောင်း သတင်းကောင်းပေးလော့။