Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 224 — Surah Al-Baqarah 2:224

လူသားတို့ အချင်းချင်းကြားတွင် ကုသိုလ်ကောင်းမှုများပြုလုပ်ကြရန်၊ အရှင့်စည်းမျဉ်းတော်များကို လိုက်နာကျင့်သုံးကြရန်နှင့်ငြိမ်းချမ်းရေးအတွက် စေ့စပ်ညှိနှိုင်း၍ အဖြေရှာမှုများ ပြုလုပ်ကြရန်အတွက် သင်တို့ကိုယ်တိုင် ကတိကဝတ်များဖြင့် တိုင်တည်သစ္စာဆိုမှုများ ပြုလုပ်ကြပြီးနောက် (သင်တို့၏ကတိကဝတ်များအတိုင်း တာဝန်ကျေပွန်ရန်နှင့် (ထိုလုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ရန် ပျက်ကွက်လျှက်) အလ္လာဟ်အရှင်မြတ်ကို (ပြစ်တင်လို၍ အရှင့်အလိုတော် မရှိကြောင်းကို) ဆင်ခြေတစ်ခုအဖြစ် မပြုလုပ်ကြလေနှင့်။ ဧကန်မုချ၊ အရှင်မြတ်သည် အရာခပ်သိမ်းတို့၏အသံအလုံးစုံကို အကြွင်းမဲ့ ကြားနေတော်မူသောအရှင်၊ အရာခပ်သိမ်းကို အကြွင်းမဲ့ သိနေတော်မူသောအရှင် ဖြစ်တော်မူ၏။