Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 2 - Al-Baqarah
Translation by Alin U Yin — Permalink
Verse 225 — Surah Al-Baqarah 2:225
အလ္လာဟ်အရှင်မြတ်သည် သင်တို့၏ကတိကဝတ်များ၌ (မရည်ရွယ်ဘဲ ပါဝင်လာသော) အဓိပ္ပါယ်မဲ့ (သည့် အချက်အလက်များနှင့်ချွတ်ချော်မှားယွင်းမှုများ) အတွက် အရေးယူ ပြစ်တင်တော်မူမည် မဟုတ်ပေ။ သို့သော် သင်တို့၏နှလုံးသားများဖြင့် သင်တို့က လိုလိုလားလားနှင့်ရည်ရွယ်ချက်ရှိရှိ ပြုမူကျင့်ကြံလုပ်ဆောင်လျှက် ဆည်း ပူးရှာမှီးခဲ့သမျှအတွက်သာ သင်တို့အရေးယူ ပြစ်တင်ခြင်းခံကြရလိမ့်မည်။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (လူ့စွမ်းရည် မတိမ်ကောရလေအောင် စည်းမျဉ်းတော်များ ချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ချိုး ဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ မရည်ရွယ်ဘဲ ပြုလုပ်သည့် ချွတ်ချော်မှားယွင်းမှုများအတွက် လူသားတို့အား အခွင့်အလမ်းပေးတော်မူသောအရှင် စာနာထောက်ထားတော်မူသောအရှင် ဖြစ်တော်မူ၏။