Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 2 - Al-Baqarah
Translation by Alin U Yin — Permalink
Verse 226 — Surah Al-Baqarah 2:226
သူတို့၏ (တရားဝင်ထိမ်းမြားထားသော) အမျိုးသမီးများထံ မချဉ်းကပ်ရန် သန္နိဋ္ဌာန်ချ ကျိန်ဆိုကြသူတို့အတွက် လေးလစောင့်ဆိုင်းကြရန် သတ်မှတ်တော်မူပြီး အကယ်၍ ထိုအချိန်ကာလအတွင်း (အပြစ်အမှားကို ပြေလေရာပြေလည်ကြောင်းပြုလုပ်၍) နဂိုအတိုင်းပြန်လည်ဖြစ်စေလိုပါက (နှလုံးသွင်းထားသင့်သည်မှာ) မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (လူ့စွမ်းရည်မတိမ်ကောရလေအောင် စည်းမျဉ်းတော်များချမှတ်ပေးတော်မူပြီး ယင်း တို့ကို မတော်တဆ ချိုးဖောက်မိသူတို့အား) အလွန်ပင် လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ်သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။