Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 2 - Al-Baqarah
Translation by Alin U Yin — Permalink
Verse 228 — Surah Al-Baqarah 2:228
ကွာရှင်းခြင်းခံရသော အမျိုးသမီးများသည် ရာသီဓမ္မတာသုံးကြိမ်အထိ သူမတို့၏နဖ်စ် (ခေါ် မျိုးရိုး ဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ် ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များကို သူမတို့ (၏ကိုယ်ရေးကိုယ်တာကိစ္စဖြစ်သော နောက်အိမ်ထောင်အတွက် စိတ်ပိုင်းဖြတ်ခြင်းမှ ရှောင်ကြဉ်လျှက်) စောင့်ဆိုင်းရမည်ဖြစ်ပြီး အကယ်၍ သူမတို့သည် အလ္လာဟ်အရှင်မြတ်နှင့်နောက်ဆုံးနေ့ကို ယုံကြည်ကြလျှင် သူမတို့၏သားအိမ်များ၌ အလ္လာဟ်အရှင်မြတ်က ဖွဲ့စည်းဖြစ်တည်စေတော်မူသည့် အရာ (ပဋိ သေန္ဓ တည်နိုင်ခြေ) တို့ကို ထိန်ချန်ဖုံးကွယ်ထားခြင်းမှာ တရားမဝင်ပေ။ (သူမတို့၏ခင်ပွန်းသည်များအား ပွင့်လင်းစွာ အသိပေးရန်လိုအပ်ပြီး) အကယ်၍ ထိုစောင့်ဆိုင်းကာလအတွင်း၌ပင် သူမတို့၏ခင်ပွန်းသည်များက စေ့စပ်ညှိနှိုင်း၍ အဖြေရှာလျှက် ပြန်လည်သင့်မြတ်ပေါင်းသင်းလိုသော ဆန္ဒရှိကြလျှင် (ထိုသို့ လုပ်ဆောင်ရန်) သူတို့မှာ အခွင့်အရေး ပိုရှိ၏။ သူမတို့အတွက်လည်း မျှတပြီး တရားတော်နှင့်အညီ ထိုက်တန်သော အလားတူ အခွင့်အရေးများ ရှိ၏။ သို့သော် (သူမတို့၏ခင်ပွန်းသည်များက မိသားစု၏စားဝတ်နေ ရေးတာဝန်ထုပ်ကြီးကို ထမ်းနေရသည့်အတွက်) အမျိုးသားများအတွက် သူမတို့ထက် အဆင့်တစ်ခု ပိုပေ၏။ မုချဧကန်၊ အလ္လာဟ် အရှင်မြတ်သည် လူသားတို့အား ဂုဏ်ဩဇာများချီးမြှင့်တော်မူသကဲ့သို့ အားလုံးအပေါ်၌လည်း အရှင့်ဘုန်းတန်ခိုးဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ တရားစီရင်ဆုံးဖြတ်ရာတွင် အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။