Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 2 - Al-Baqarah
Translation by Alin U Yin — Permalink
Verse 229 — Surah Al-Baqarah 2:229
သို့ဖြစ်ရာ (ခင်ပွန်းသည်က ဇနီးသည်အား သူမ၏ဂုဏ်သိက္ခာကို မထိခိုက်စေဘဲ) တရားတော်နှင့်အညီ မျှတသည့်ပုံစံဖြင့် ထိမ်းမြားမှုအား ဆက်လက်ထိန်းထားလိုသော် သို့မဟုတ် (သူမ၏တောင်းဆိုချက်များကို အတတ်နိုင်ဆုံးလိုက်လျော၍ အေးချမ်းစွာနှင့်) ကောင်းမွန်စွာဖြင့် (ထိမ်းမြားမှုမှ) လွတ်မြောက်စေလိုသော် ကွာရှင်းမှု (ဖြစ်စဉ်) နှစ်ကြိမ် (ခွင့်ပြုတော်မူ၏)။ ဒုတိယမြောက်ဖြစ်စဉ်အပြီးတွင် အပြီးသတ်ကွာရှင်းလိုသည့် ဇနီးမောင်နှံတို့အား အသင်တို့နှစ်ဦးစလုံးသည် အလ္လာဟ်အရှင်မြတ်၏စည်းမျဉ်းဘောင်များကို စောင့်ထိန်းလျှက် ရပ်တည်နိုင်ကြမည် မဟုတ်ကြောင်း စိုးရိမ်ကြောင့်ကြခြင်းမှအပ သူမတို့အား (လက်ဆောင်အဖြစ်) ပေးခဲ့ပြီဖြစ်သော အရာများမှ တစ်စုံတစ်ရာကို ပြန်ယူခြင်းသည် သင်တို့အတွက် (တရားတော်အရ) တရားမဝင်ပေ။ ထို့ပြင် အကယ်၍ အလ္လာဟ်အရှင်မြတ်၏စည်းမျဉ်းဘောင်ကို စောင့်ထိန်းလျှက် ရပ်တည်နိုင်ကြမည် မဟုတ်ကြောင်း သင်တို့နှစ်ဦး စိုးရိမ်ကြောင့်ကြလျှင် (ဇနီးသည်က သူမ၏လွတ်မြောက်မှုအတွက် သို့မဟုတ်) ယင်းနှင့်စပ်လျဉ်း၍ (ကွာရှင်းကြေးအဖြစ်) ပေးဆပ်မှု တစ်ခုခု ပေးလိုသော် သူတို့နှစ်ဦးစလုံး၌ အပြစ်မထိုက်ပေ။ ဤသည်တို့သည် အလ္လာဟ်အရှင်မြတ်က ပြဋ္ဌာန်းတော်မူသည့်စည်းမျဉ်းဘောင်များ ဖြစ်သောကြောင့် ယင်းတို့ကို ချိုးဖောက်ကျူးလွန်ခြင်း မပြုကြလေနှင့်။ မည်သူမဆို အလ္လာဟ်အရှင်မြတ်၏စည်းမျဉ်းဘောင်များကို (အထူးသဖြင့် ခင်ပွန်း သည် မနှစ်သက်သည့် တရားမဝင်သော လုပ်ရပ်များလုပ်၍) ချိုးဖောက်မိပါက ထိုသူတို့သည် စည်းမျဉ်းချိုး ဖောက်၍ မတော်မတရား မမှန်မကန် ပြုလုပ်ကြသူများပင် ဖြစ်ကြ၏။