Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 23 — Surah Al-Baqarah 2:23

အကယ်၍ သင်တို့သည် ငါအရှင်မြတ်၏အစေတော် (ရစူလ်တမန်တော်မုဟမ္မဒ်) ထံသို့ ငါအရှင်မြတ်ကပင် ထုတ်ပြန်ချမှတ်ပေးအပ်တော်မူသော ကုရ်အာန်ကျမ်းမြတ်၌ သံသယဖြစ်ကြလျှင် (သို့မဟုတ် အရေးအဖတ် မသင်ဖူးခဲ့သော လူသားတစ်ဦးဖြစ်သူ မုဟမ္မဒ်က ဤကျမ်းကို ရေးသားကြောင်း စွပ်စွဲလိုလျှင်) ယင်း (ကျမ်းတော်) ၏စူရာဟ်တစ်ခုကဲ့သို့ ကဏ္ဍတစ်ခုသာ ဖန်တီးယူလာ၍ ပေးအပ်ကြလော့။ သင်တို့သည် ဖြောင့်မှန်သူများဖြစ် (သည် ဟုထင်၍ သင်တို့၏သံသယနှင့်စွပ်စွဲမှုများကိုလည်း မှန်ကန်သည်ဟုမှတ်ယူ) ကြလျှင် အရှင်မြတ်ကို တုပြိုင်၍ သင်တို့ကို ထောက်ခံသည့် သင်တို့၏သက်သေများကိုပါ အကူအညီအတွက် ခေါ်ကြလော့။