Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 230 — Surah Al-Baqarah 2:230

တဖန်အကယ်၍ သူသည် သူမကို ကွာရှင်းခဲ့ပြီးဖြစ်လေသော် သူမကလည်း နောက်ဘဝဖော်သစ် တစ်ဦး နှင့်ထိမ်းမြား၍ (ထိုအိမ်ထောင်ရေးမှာလည်း အဆင်မပြေဖြစ်လျှက်) ကွာရှင်းခံရသည်အထိ သူမသည် သူ့အတွက် တရားမဝင်ပေ။ အကယ်၍ (သူမ၏ဒုတိယခင်ပွန်းသည်ကလည်း) သူမကို ကွာရှင်းခဲ့အပြီး (သူမနှင့် သူမ၏ပထမ ခင်ပွန်းသည်တို့) နှစ်ဦးစလုံးသည် အရှင်မြတ်၏စည်းမျဉ်းဘောင်အတိုင်း လိုက်နာ၍ ရပ်တည်ရန် အလို့ငှာ တစ်ဦးကိုတစ်ဦး နားလည်လက်ခံပြီး မူလထိမ်းမြားမှုကို ပြန်စလိုခြင်း၌ သူတို့နှစ်ဦးစလုံး၌ အပြစ် မထိုက်ပေ။ ဤသည် သိနားလည်နိုင်စွမ်းရှိသော ပညာရှင်အသိုင်းအဝိုင်းတို့အတွက် ကွက်ကွက်ကွင်းကွင်း မြင်သာအောင် ထင်ရှားပြတ် သားစွာ ရှင်းလင်းစေတော်မူသော အလ္လာဟ်အရှင်မြတ်၏စည်းမျဉ်းဘောင်များပင် ဖြစ်၏။