Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 2 - Al-Baqarah
Translation by Alin U Yin — Permalink
Verse 231 — Surah Al-Baqarah 2:231
သို့ဖြစ်ရာ အမျိုးသမီးများအား (ပထမနှင့်ဒုတိယအကြိမ်မြောက်) ကွာရှင်းမှုဖြစ်စဉ်အတွင်း စောင့်ဆိုင်း ကာလပြည့်သောအခါ (သူမတို့၏ဂုဏ်သိက္ခာကို မထိခိုက်စေဘဲ) တရားတော်နှင့်အညီ မျှတသည့်ပုံစံဖြင့် ထိမ်းမြားမှုအား ဆက်လက်ထိန်းထားကြလော့။ သို့မဟုတ် (သူမတို့၏တောင်းဆိုချက်များကို အတတ်နိုင်ဆုံး လိုက်လျော၍ အေးချမ်းစွာနှင့်) ကောင်းမွန်စွာဖြင့် (ထိမ်းမြားမှုမှ) လွတ်မြောက်စေကြလော့။ သို့သော် စည်း မျဉ်းချိုး ဖောက်၍ သူမတို့အား စော်ကားနစ်နာစေလိုသည့် စေတနာယုတ်ဖြင့် ထိမ်းမြားမှုကို ဆက်လက် မထိန်းထား ကြလေနှင့်။ မည်သူမဆို ထိုသို့လုပ်ဆောင်ပါက ထိုသူသည် သူ၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ကို သူ့စိတ်အလိုကျအသုံးချ၍ သူ့ကိုယ်သူ သစ္စာဖောက်လျှက် မတော်မတရား မမှန်မကန်လုပ်ခဲ့ပြီ ဖြစ်၏။ အလ္လာဟ်အရှင်မြတ်၏အာယာသ်သက်သေလက္ခဏာတော်များကို လှောင်ပြောင်၍ မထီလေးစား မပြုကြလေနှင့်။ သင်တို့အတွက် အလ္လာဟ်အရှင်မြတ်၏ (ဂုဏ်ပေးချီးမြှောက်တော်မူသည့် အခွင့်အရေး၊ အသက်ရှင် ရပ်တည်ရေးဆိုင်ရာ နည်းစနစ်နှင့်) ကျေးဇူးတော်များ၊ ကျမ်းတော်နှင့် (ဓမ္မသတ်အခွင့်အာဏာဆိုင်ရာ) အမြော်အမြင်တော်အားဖြင့် သင်တို့အား သွန်သင်လမ်းညွှန်တော်မူရန် ထုတ်ပြန်ချမှတ်ပေးအပ်သည်များကို သတိရ တသ၍ ထုတ်ဖော် ဖွင့်ဟပြောကြလော့။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိနေတော်မူသော အရှင်ဖြစ်တော်မူကြောင်း နှလုံးသွင်းမှတ်ထားကြလော့။