Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 232 — Surah Al-Baqarah 2:232

(ပထမနှင့်ဒုတိယအကြိမ်မြောက် ကွာရှင်းမှုဖြစ်စဉ်အပြီး) အမျိုးသမီးများ၏စောင့်ဆိုင်းကာလပြီးသည့်အခါ သူတို့အချင်းချင်းကြားဝယ် တရားတော်နှင့်အညီ မျှတကောင်းမွန်သည့် ဆုံးဖြတ်ချက်များဖြင့် နှစ်ဦး သဘောတူလက်ခံ၍ သူမတို့၏ (ယခင်) ဘဝဖော်များနှင့် (ပြန်လည်) ထိမ်းမြားခြင်းကို (အရှင်မြတ်က သွန်သင်သည့်အတိုင်းသာ ဆောင်ရွက်သင့်ပြီး) ဟန့်တားနှောက်ယှက်ပိတ်ပင်ခြင်း မပြုကြလေနှင့်။ သင်တို့အနက် အလ္လာဟ်အရှင်မြတ်နှင့်နောက်ဆုံးနေ့ကို ယုံကြည်သူတို့အား ထိုသို့လုပ်ဆောင်ရန် ကျမ်းတော်အားဖြင့် သွန်သင်ထားတော်မူခဲ့ပြီ။ ယင်းသည် သင်တို့အတွက် အသန့်ရှင်းဆုံးဖြစ်ရုံသာမက သင်တို့ကိုလည်း အစင်ကြည်ဆုံးဖြစ်စေကြောင်း အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ သိနေတော်မူပြီး သင်တို့ သိနားလည်ကြမည် မဟုတ်ပေ။