Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 233 — Surah Al-Baqarah 2:233

(သတ်မှတ်ထားသည့်) အချိန်ကာလအပြည့် မိခင်နို့ချိုတိုက်ကျွေးလိုသည့် မိခင်များသည် သူမတို့၏ ရင်သွေးငယ်များကို နှစ်နှစ်ပြည့်သည်အထိ မိခင်နို့ချိုတိုက်ကျွေးနိုင်၏။ ဖခင်ဖြစ်သူကလည်း သူမတို့၏စားဝတ်နေရေးနှင့်အခြားလိုအပ်ချက်များကို တရားတော်နှင့်အညီ မျှတကောင်းမွန်စွာ ဖြည့်ဆည်းပေးရန် တာဝန်ရှိလေ၏။ (အရှင်မြတ်ချီးမြှင့်တော်မူသည့် စွမ်းရည်နှင့်အညီ) တတ်စွမ်းသလောက်မှအပ သင်တို့၏နဖ်စ် (ခေါ် မျိုးရိုး ဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) အား မနိုင်ဝန်ထမ်းရွက်ရန် တာဝန်မရှိပေ။ ရင်သွေးအတွက်ကြောင့် မိခင်ကိုဖြစ်စေ၊ ဖခင်ကိုဖြစ်စေ (ပြုမူပြော ဆိုဆက်ဆံ၍) စိတ်မပင်ပန်း စေသင့်ပေ။ (ဖခင်ကွယ်လွန်၍) အမွေစားအမွေခံအဖြစ် ထားခဲ့သော ရင်သွေးများအတွက်လည်း အလားတူ (နို့ချိုတိုက်ကျွေးရန် မိခင်တို့၌) တာဝန်ရှိ၏။ အကယ်၍ (မိခင်နှင့်ဖခင်) နှစ်ဦးစလုံးက အပြန်အလှန်ဆွေးနွေးတိုင်ပင်၍ နှစ်ဦးစလုံး၏သဘောတူညီချက်ဖြင့် (သူတို့၏ရင် သွေးကို) နို့ဖြတ်လိုသည့်ဆန္ဒရှိလျှင် သူတို့နှစ်ဦးစလုံးအပေါ်၌ အပြစ် မထိုက်ပေ။ အကယ်၍ သင်တို့က (သင်တို့ ၏ရင်သွေးများကို မိခင်များကိုယ်တိုင် နို့ချိုတိုက်ကျွေးနိုင်သည့် အခြေအနေမရှိသည့်အတွက်) သင်တို့ကို အလ္လာဟ်အရှင်မြတ်က ချီးမြှင့်တော် မူထားသည့် (ဓနစည်းစိမ်၊ ရိက္ခာစသော) အရာများမှ တရားတော်နှင့်အညီ မျှတထိုက် တန်ပြီး ကျေနပ်စေသော အခကြေးငွေဖြင့် နို့ထိန်းသည် တစ်ဦးဦးထံ အပ်နှံလိုသော ဆန္ဒရှိလျှင်လည်း သင်တို့အပေါ်၌ အပြစ်မထိုက်ပေ။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့ ပြုမူကျင့်ကြံဆောင်ရွက်သမျှကို အကြွင်းမဲ့ မြင်နေတော်မူကြောင်း နှလုံးသွင်းသိထားလျှက် အလ္လာဟ်အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့်လိုက်နာ) ကြလော့။