Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 2 - Al-Baqarah
Translation by Alin U Yin — Permalink
Verse 234 — Surah Al-Baqarah 2:234
အသင်တို့အနက်မှ ဇနီးသည်များ ကျန်ရစ်ထား၍ ကွယ်လွန်သွားသူများရှိခဲ့လျှင် (မုဆိုးမဖြစ်သွား သည့် ထိုအမျိုးသမီးများက ခင်ပွန်းသည်များဆုံးသည့်နေ့မှစ၍) လေးလနှင့်ဆယ်ရက်ထိထိ သူမတို့၏ နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ကို (သူမတို့၏ကိုယ်ရေးကိုယ်တာ ကိစ္စဖြစ်သော နောက်အိမ်ထောင်အတွက် စိတ်ပိုင်းဖြတ်ခြင်းမှ ရှောင်ကြဉ်လျှက်) စောင့်ဆိုင်းရမည်ဖြစ်၏။ အကယ်၍ ထိုစောင့်ဆိုင်းကာလပြည့်ပြီးနောက် သူမတို့၏အနာဂတ် ကောင်းစားရေးအတွက် တရားတော်နှင့်အညီ ကောင်းမွန်ရာကို ဆောင်ရွက်လိုလျှင် သင်တို့အပေါ်၌ အပြစ် မထိုက်ပေ။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့၏ပြုမူကျင့်ကြံဆောင်ရွက်သမျှနှင့်ပတ်သက်၍ သတင်းအချက်အလက်အလုံးစုံကို အသေးစိတ်သတင်းရယူထားတော်မူသောအရှင် ဖြစ်တော်မူ၏။