Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 2 - Al-Baqarah
Translation by Alin U Yin — Permalink
Verse 235 — Surah Al-Baqarah 2:235
(ထိုစောင့်ဆိုင်းကာလအတွင်း၌) သင်တို့က ထိုအမျိုးသမီးများကို ထိမ်းမြားရန် ကမ်းလှမ်းခြင်း သို့မဟုတ် သင်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များ၌ (သူတို့ကို ထိမ်းမြားမည့်အကြောင်း) လျှို့ဝှက်မျိုသိပ်ထား ခြင်းအတွက် သင်တို့အပေါ် အပြစ်မထိုက်ပေ။ မကြာခင် သင်တို့သည် (စိတ်နှလုံးသားများထဲ၌ အဘယ်မျှ မျိုသိပ်ထားသည်ကို) သူမတို့အား ဖွင့်ပြောလိမ့်မည်ဖြစ်ကြောင်းကို အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ သိနေတော်မူ၏။ သို့သော် သူမတို့နှင့်တရားတော်အရ ခွင့်ပြုထားသော ကောင်းမြတ်သည့် အပြောအဆိုများမှအပ (တိတ်တိတ်ပုန်း လျှို့ဝှက်တွေ့ဆုံ၍) ကတိကဝတ်နှင့်မက်လုံးများပေး၍ မနှောင်ဖွဲ့ကြလေနှင့်။ ကျမ်းတော်က သတ်မှတ်ပြဌာန်းထားသည့် စောင့်ဆိုင်းကာလကို အပြီးသတ်စောင့်နိုင်ပြီးသည်အထိ ထိမ်းမြားမှု၏အနှောင်အဖွဲ့ကို အတည်မပြုကြလေနှင့်။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့၏စိတ်နှလုံးသားများထဲ၌ ရှိနေသည့် (အတွေး၊ အကြံအစည်၊ ကြိုတင်စီစဉ်မှု၊ စီမံကိန်း စသော) အရာဟူသမျှကို အကြွင်းမဲ့ သိနေတော်မူသောကြောင့် (အရှင်မြတ်အရေးယူတော်မူနိုင်ကြောင်း အရှင့်ကို သိစိတ်ဖြင့် မြဲမြံစွာ) သတိထား၍ တွေးတောလျှက် (အရှင့်ထံ ခွင့်လွတ်ခွင့်တောင်းခံကြ) လျှင် “မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (လူ့စွမ်းရည် မတိမ်ကောရလေအောင် စည်းမျဉ်းတော်များ ချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ချိုးဖောက်မိ သူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင်၊ မရည်ရွယ်ဘဲ ချွတ်ချော်မှားယွင်းမှုများအတွက် လူသားတို့အား အခွင့်အလမ်း ပေးတော်မူပြီး စာနာထောက်ထားတော်မူသောအရှင်ဖြစ်ကြောင်း” ကို နှလုံးသွင်းသိထားကြလော့။