Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 236 — Surah Al-Baqarah 2:236

(ထိမ်းမြားမင်္ဂလာစာချုပ် သို့မဟုတ် ထိမ်းမြားမှုအတွက် ကမ်းလှမ်းစေ့စပ်မှုအပြီးတွင်) သူမတို့နှင့် မထိတွေ့၊ မချဉ်းကပ်မီ သို့မဟုတ် သတိုးသမီးအား ပေးရန်ရှိသော အဓိကမင်္ဂလာလက်ဆောင်ကို အတည်ပြု မသတ်မှတ်မီ အမျိုးသမီးများကို ကွာရှင်းလမ်းခွဲလိုကြလျှင် သင်တို့အပေါ် အပြစ်မထိုက်ပေ။ (ထိုသို့ လမ်းခွဲစဉ် သတိုးသမီးများဖြစ်သော) သူမတို့၏ရရှိခံစားပိုင်ခွင့်အဖြစ် ကြွယ်ဝချမ်းသာသူတို့သည် သူတို့၏ဂုဏ်သိက္ခာနှင့်အညီလည်းကောင်း၊ ချို့တဲ့သူတို့သည် သူတို့၏စွမ်းပကာအလျောက်လည်းကောင်း၊ တရားတော်နှင့်အညီ မျှတကောင်းမွန်စွာဖြင့် ထောက်ပံ့ပေးခြင်းသည် မုဟ်စဲန် (ခေါ် လုပ်ရပ်ဟူသမျှအား အလ္လာဟ်အရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူကြောင်း သိနားလည်၍ အရှင့်ကို သိစိတ်ဖြင့် အရာရာကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်သူ) တို့အပေါ်တွင် တာဝန်တစ်ရပ်ဖြစ်ပေ၏။