Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 237 — Surah Al-Baqarah 2:237

(အကယ်၍ သတို့သမိးများအား မင်္ဂလာလက်ဆောင်အဖြစ်ပေးရန် အဓိကပစ္စည်းများကို အတိအကျ သတ်မှတ်လျှက် နှစ်ဦးနှစ်ဘက် သဘောတူညီမှုကို အတည်ပြုခဲ့ပြီးမှ) သူမတို့နှင့်မထိတွေ့ မချဉ်းကပ်မီ ကွာရှင်း လမ်းခွဲလိုသော် သူမတို့အား ပေးရန်တာဝန်ရှိသော အတည်ပြုသတ်မှတ်ခဲ့သည့် အဓိကပစ္စည်းများအနက်မှ ထက်ဝက်ကို ပေးချေရန် (သူမတို့အား ထိမ်းမြားမည့် အမျိုးသားများ၌) တာဝန်ရှိ၏။ သို့သော် ကာယကံရှင် အမျိုးသမီးများသည် ထိုပေးချေမှုကို ကင်းလွတ်ခွင့်ပေး၍ စွန့်လွတ်သည်ဖြစ်စေ၊ သို့တည်းမဟုတ် ထိမ်းမြားမင်္ဂလာ နှောင်ကြိုးချည်ပေးစဥ် တာဝန်ယူထားသူများသည် ထိုပေးချေမှုကို ကင်းလွတ်ခွင့်ပေး၍ စွန့်လွတ်သည်ဖြစ်စေ၊ ထိုသို့ ခွင့်လွတ်ပေးခြင်းသည် သက္ကဝါ (ခေါ် အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးခြင်း) နှင့်အနီးစပ်ဆုံးဖြစ်ပြီး သင်တို့အချင်းချင်းကြားတွင် (အရှင်မြတ်က ချီးမြှင့်တော်မူသည့် အရှင့် ကျေးဇူးတော်များကို အသိအမှတ်ပြုလျှက်) စိတ်သဘောထားမြင့်မြတ်ကြရန် မမေ့ကြလေနှင့်။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့ ပြုမူကျင့်ကြံဆောင်ရွက်သမျှကို အကြွင်းမဲ့ မြင်နေတော်မူ၏။