Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 239 — Surah Al-Baqarah 2:239

အကယ်၍ သင်တို့ (ဘေးအန္တရာယ်နှင့်လုံခြုံရေးကင်းမဲ့မှုကို ကြုံတွေ့၍ ပုံမှန်အနေအထားဖြင့် ဝတ်ပြုနိုင် မည် မဟုတ်ကြောင်း) စိုးရိမ်ကြောင့်ကြလျှင် ခြေလျှင်ခရီးတွင် ဟန်ပြင်၍ ဖြစ်စေ၊ သို့မဟုတ် အစီးအနင်းပေါ်တွင်ဖြစ်စေ၊ ဘေးကင်းလုံခြုံသည့်အခါတွင် ပုံမှန်အနေအထားဖြင့်ဖြစ်စေ၊ (တတ်နိုင်သည့်နည်းကို သုံး၍ ဝတ်ပြုကြလော့။) သင်တို့သည် ယခင်က (ယုံကြည်မှု၊ ကျမ်းတော်နှင့်ဝတ်ပြုမှုတို့နှင့်စပ်လျဉ်း၍) မသိနားမ လည်ခဲ့ကြသော်လည်း (ယခုအခါ ကျမ်းတော်နှင့်တမန်တော်၏လက်တွေ့လုပ်ပြခဲ့သောကျင့်စဉ်၌) သင်တို့ကို သင်ကြားပေးခဲ့သည့်အတိုင်း ဝတ်ပြုကြပြီး အလ္လာဟ်အရှင်မြတ်အား သတိရ တသ၍ ဖွင့်ဟကြလော့။