Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 2 - Al-Baqarah
Translation by Alin U Yin — Permalink
Verse 240 — Surah Al-Baqarah 2:240
သင်တို့အနက်မှ ကွယ်လွန်ချိန်ရောက်သူတို့သည် (သူတို့၏သက်ရှိထင်ရှားရှိနေသည့်) ဇနီးသည်များ အတွက် စားနပ်ရိက္ခာနှင့်အခြားလိုအပ်ချက်များကို တစ်နှစ်စာ ထောက်ပံ့ပေးရန်နှင့်သူမတို့အား နှင်ထုတ်ခြင်း မပြုရန် သေတမ်းစာ သို့မဟုတ် မှာကြားချက် တစ်ခုခု ထားပေးသင့်သည်။ အကယ်၍ သူမတို့သည် တရားတော်နှင့်အညီ သူမတို့အတွက် သင့်တော်သည်ကို သူမတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်း ဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ဖြင့် (သူမတို့၏ဆန္ဒအလျောက်) ပြုလုပ်ကြလျှင် သင်တို့အပေါ်၌ အပြစ်မထိုက်ပေ။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် လူသားတို့အား ဂုဏ်ဩဇာများ ချီးမြှင့်တော်မူသကဲ့သို့ အားလုံးအပေါ်၌လည်း အရှင့်ဘုန်းတန်ခိုးဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ တရားစီရင်ရာတွင် အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။