Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 243 — Surah Al-Baqarah 2:243

ထောင်နှင့်ချီသောလူတို့သည် သေဘေးကို ကြောက်ရွံ့၍ သူတို့နေထိုင်ရာ နယ်မြေအိုးအိမ်များမှ ထွက်ပြေးတိမ်းရှောင်ခဲ့ခြင်းအပေါ်တွင် သင်တို့သည် မသုံးသပ် မတွေးတောကြလေသလော။ ထိုစဉ် အလ္လာဟ်အရှင်မြတ် သည် သူတို့အား “သင်တို့ သေကြလော့။” ဟု မိန့်တော်မူပြီးနောက် သူတို့ကို (ပြန်လည်) ရှင်သန်စေတော်မူခဲ့၏။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် ဂုဏ်သိက္ခာနှင့်ကျေးဇူးအလုံးစုံကို ပိုင်ဆိုင်တော်မူပြီး လူသားအပေါ် ရက်ရောစွာ ပေးအပ်တော်မူသော်ငြားလည်း လူသားအနက်မှ အများစုမှာမူ ကျေးဇူးမသိတတ်ကြပေ။