Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 244 — Surah Al-Baqarah 2:244

(အရှင့်ဂုဏ်တော်၊ ဂုဏ်ပုဒ်များကို သတိရ တသ၍ ဂုဏ်တင်ရန်အလို့ငှာ) အလ္လာဟ်အရှင်မြတ်၏လမ်းစဉ်တော်၌ တိုက်ပွဲဝင်ကြလော့။ ဧကန်မုချ၊ အရှင်မြတ်သည် အရာခပ်သိမ်းတို့၏အသံအလုံးစုံကို အကြွင်းမဲ့ ကြားနေတော်မူသောအရှင်၊ အရာခပ်သိမ်းကို သိနေတော်မူသောအရှင်မြတ် ဖြစ်တော်မူကြောင်းကို နှလုံးသွင်းသိထားကြလော့။