Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 2 - Al-Baqarah
Translation by Alin U Yin — Permalink
Verse 245 — Surah Al-Baqarah 2:245
(အလ္လာဟ်အရှင်မြတ်က ချီးမြှင့်အပ်နှံတော်မူထားသည့် ရုပ်နာမ်၊ ဥစ္စာဓန၊ စွမ်းရည်စွမ်းပကားနှင့်နည်း ပညာများမှ) အကောင်းမြတ်ဆုံးသောအရာများကို (အရှင့်ကျေနပ်နှစ်မြို့မှုအတွက်) အရှင်ထံ ပြန်လည် ချေးငှားလိုသူ မည်သူရှိအံ့နည်း။ ထိုသို့ ချေးငှားလျှင် အလ္လာဟ်အရှင်မြတ်သည် သူချေးငှားခဲ့သည်ကို (ဤလောကီ၌) အဆမတန် မြောက်များစွာ တိုးပွားစေတော်မူပြီး (နောင်တမလွန်ဘဝတွင်လည်း) ယင်း (၏အကျိုးဆက်) ကို အဆမတန်တိုးပွားစေတော်မူလျှက် လူသားတို့အတွက် ဧကန်မုချပင်၊ သိမ်းထားတော်မူသောအရှင်၊ အလျှံပယ် ချီးမြှင့်တော်မူသောအရှင်ဖြစ်တော်မူပြီး အရှင့်ထံသို့သာ အသင်တို့အားလုံးကို လှည့်ပြန်စေတော်မူလိမ့်မည်။